Career

Cashier (စားသောက်ဆိုင် လုပ်ငန်း)

Dec 11, 2024

Career

Job Descriptions

  • ဆိုင်သို့ လာရောက်အပ်နှံသည့် ဧည့်သည်များအား ယဉ်ကျေးပျူငှာစွာဖြင့် ပရော်ဖက် ရှင်နယ်ကျကျ ပြောဆိုဆက်ဆံဆောင်ရွက်ရမည်။
  • စားသောက်ဆိုင်မှ ရောင်းချသည့် menu နှင့် ဝန်ဆောင်မှု အသီးသီးအလိုက် ဧည့်သည်များထံမှ ငွေပေးချေမှုများကို တိကျသေချာစွာ လက်ခံရယူရမည်။
  • ငွေသားဖြင့် သို့မဟုတ် Mobile banking ဖြင့် ငွေပေးချေခြင်းနှင့် အခြားငွေပေးချေမှုများကို တိကျ မှန်ကန်စွာ လက်ခံရယူရမည်။
  • Customers များမှ ငွေပေးချေမှုပြီးစီးမှုများနှင့် ပေးသွင်းရန် ကျန်ငွေ၊ လိုငွေများနှင့် ပတ်သက်၍ စုံစမ်းမေးမြန်းမှုများအပေါ် ကူညီဆောင်ရွက်ပေးရမည်။
  • ပြေစာများ၊ ပြန်အမ်းငွေများ၊ အကြွေများ လိုအပ်သလို စီစစ် ထုတ်ပေးရမည်။
  • ငွေလက်ခံရယူသည့် နေရာနှင့် Safe Box အား သပ်ရပ်စွာဖြင့် စနစ်တကျ ထိန်သိမ်းရမည်။
  • အခြားဌာန အဖွဲ့ဝင်များ၊ Accountants များနှင့် ပူးပေါင်း၍ ငွေကြေးအပေးအယူများနှင့် ပတ်သက်သော ကွဲလွဲမှုများနှင့် ပြဿနာများကို ဖြေရှင်းဆောင်ရွက်ရမည်။
  • ငွေသားကိုင်တွယ် ထိန်းသိမ်းခြင်းနှင့် ပေးချေမှုများကို ဆိုင်၏ မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများ အတိုင်း လိုက်နာဆောင်ရွက်ရမည်။
  • နေ့စဉ် ငွေဝင်ငွေထွက်များ အပေါ် စစ်ဆေးခြင်း၊ ထိန်းသိမ်းခြင်းနှင့် လက်ခံစာရင်းနှင့် Cash Book စာရင်းသွင်းပြုလုပ်ရမည်။
  • Bank နှင့်ပတ်သက်သော ကိစ္စရပ်များအပေါ် တိကျသေချာစွာ ဆောင်ရွက်နိုင်ရမည်။
  • သက်ဆိုင်ရာ အထက်အရာရှိ လက်မှတ်ပါရှိသည့် ဆိုင်လုပ်ငန်းအတွင်း ငွေထုတ်သည့် ကိစ္စရပ်များ၊ ဝယ်ယူသည့် စရိတ်များနှင့် ပေးချေရမည့် ငွေများအား လက်မှတ်ပါရှိမှု၊ မှန်ကန်မှုကို စီစစ်ပြီး ငွေထုတ်ပေးခြင်း၊ လက်ခံခြင်းများ ဆောင်ရွက်ရမည်။

Job Requirements

  • ဘွဲတစ်ခုခု ရရှိထားသူ (သို့) အထက်တန်းအောင်မြင်ထားသူ။
  • LCCI I နှင့် II အစရှိသည့် သက်ဆိုင်ရာ Diploma များ ရရှိထားသူ။
  • ငွေထိန်းသိမ်းခြင်းနှင့် ကိုင်တွယ်ခြင်းနှင့် ပတ်သက်၍ အတွေ့အကြုံရှိသူ။
  • ငွေကြေးကိုင်တွယ်မှုအပိုင်းကို ကျွမ်းကျွမ်းကျင်ကျင်လုပ်ကိုင်နိုင်ရမည်။
  • Strong communication, problem solving skills and teamwork။
  • Office 365 ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။
  • ‌ရေရှည်လက်တွဲနိုင်သူ၊ ယုံကြည်ထိုက်သူ၊ ရုပ်ရည်ပြေပြစ်ပြီး ဝီရိယရှိသူဖြစ်ရမည်။

အထက်ပါ ရာထူးအတွက် လျှောက်ထားလိုပါက အလုပ်လျှောက်လွှာကို [email protected] သို့ ပို့ပေးနိုင်ပါသည်။

သို့မဟုတ် Viber ဖုန်းနံပါတ်သို့ အလုပ်လျှောက်လွှာ CV ပေးပို့နိုင်ပါသည်။ Viber: 09940041177